Japan🇯🇵 နိုင်ငံ၊ Tokyo မြို့

#ဓမ္မသာရသဘာဝကျောင်း

(ပထမ) အကြိမ်

#မဟာစုပေါင်းဘုံကထိန်

သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနာကို

ဓမ္မသာရဆရာတော် ဘဒ္ဒန္တကုသလ နှင့် #ဒေါက်တာအရှင်ခေမာနန္ဒ (ခရမ်း) တို့၏ ဦးဆောင်လမ်းညွှန်မှု၊ စီမံကွပ်ကဲမှု၊

မ,တည်အလှူရှင်များနှင့် စေတနာရှင် (၇)ရက်သားသမီး မိသားစုများတို့၏ သဒ္ဓါစွမ်းအား ကာယအား ဓနအားတို့ဖြင့် အောင်မြင်စွာ ကျင်းပလှူဒါန်းနိုင်ခဲ့ပါပြီ။

ဆရာတော် သံဃာတော်များ နှင့် ကထိန်မ,တည်အလှူရှင်မိသားစုများ၊ သိက္ခာထပ်အလှူရှင်၊ပဒေသာပင်အလှူရှင်များ၊အာဟာရဒါနအလှူရှင်၊ရေသန့်အလှူရှင်၊အချိုရည်အလှူရှင်များ၊ ရိုက်ကူးမှတ်တမ်းကုသိုလ်ပညာရှင်များ၊ ဝေယျာဝစ္စလုပ်အားဒါန ကုသိုလ်ရှင်များ၊စေတနာရှင် (၇) ရက် သား သမီးများ နှင့်ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် လိုအပ်ချက်တစ်စုံတရာရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးကြပါဟု ဆန္ဒပြုလိုက်ရပါသည်။

ကုသိုလ်ရှင်များအားလုံး

ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေ။

ပညာရှိသူတော်ကောင်းများနှင့်

ဆုံတွေ့ရ၍ သူတော်ကောင်းတရားများကို

ကျင့်ကြံပွားများနိုင်ကြပါစေ။